ကိုယ်ရေးအကျဉ်း

အစိုးရအထက်တန်းကျောင်း အောင်မြင်ပြီးတဲ့နောက်မှာ ရန်ကုန်ဆေးတက္ကသိုလ်(၁) မှာ (၁)နှစ်ကျော်ကျော် ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ ဝါဿနာနဲ့ မကိုက်ညီတာကြောင့် ဆေးကျောင်းကို စွန့်လွှတ်၍ အလုပ်လုပ်ဖို့နဲ့ ပညာဆက်လက်ဆည်းပူးဖို့ UAE နိုင်ငံကိုထွက်ခွာခဲ့ပြီး ပြည်ပ Retail Industry မှာ(၂)နှစ်အလုပ်လုပ်ခဲ့ပါတယ်။ ထို့နောက် အဝေးသင်ဘွဲ့ယူဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး စီးပွားရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီမျိုးစုံမှာ brand strategist, business strategist, marketing professional အဖြစ် ၁၀နှစ်ကျော် ရပ်တည်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း Master ဘွဲ့ကို Murdoch University (Australia) မှရယူ အောင်မြင်ခဲ့ပြီး မိမိဝါသနာပါရာ စာသင်ကြားခြင်းကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ Sales & Marketing, Business English, International Business Management and Digital Marketing အတန်းများတွင် Professional Lecturer အဖြစ် လက်ရှိ သင်ကြားပေးနေတာ ဖြစ်ပါတယ်။