ကိုယ်ရေးအကျဉ်း

𝗠𝗮𝗻𝗮𝗴𝗶𝗻𝗴 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗖𝗼.,𝗟𝘁𝗱)
𝗕.𝗘 (𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰𝘀), 𝗘𝗠𝗕𝗔 (𝗬𝗜𝗘), 𝗣𝗵.𝗗 (𝗡𝗜𝗗𝗔)

ဆရာဟာ ရန်ကုန် စက်မှုတက္ကသိုလ်က B.E. (Electronics) ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့မှ MBA ဘွဲ့ များ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆရာဟာ အမေရိကန် နိုင်ငံ မီချီဂန် ပြည်နယ် တက္ကသိုလ် (Michigan State University) တွင် International Development အထူးပြုပြီး Humphrey Fellow အနေနဲ့ ဆက်လက် ပညာသင်ယူခဲ့ပါတယ်။ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ National Institute of Development Administration (NIDA) တက္ကသိုလ် မှ PhD ပါရဂူဘွဲ့ ကိုထပ်ဆင့် ရရှိခဲ့ပါတယ်။ ဆရာဟာ Professional career အဖြစ် ASEAN Registered Engineer တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေး နည်းပညာ (Mandalay Technology) ကုမ္ပဏီကို (၂၀၀၉) ခုနှစ်တွင် တည်ထောင်ခဲ့ပါတယ်။ ITလုပ်ငန်း၊ GIS / Remote Sensing နည်းပညာဆိုင်ရာ လုပ်ငန်း၊ အင်ဂျင်နီယာ ဝန်ဆောင်မှု နဲ့ အကြံပေး လုပ်ငန်း ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း၊ မြန်မာနိုင်ငံ အင်ဂျင် နီယာ အသင်း၊ မြန်မာ နိုင်ငံ စီးပွားစီမံ အမှုဆောင်များ အသင်း၊ Green Economy, Green Growth (GEGG)၊ ASEAN Institute for Green Economy (AIGE) ၊ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ ရန်ကုန်မြို့ ရိုထွီကလပ် (Rotary Club of Yangon) စသော ပြည်တွင်းနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ဇနက ပညာရေး ဖောင်ဒေးရှင်း၏ စတင် တည်ထောင်သူ တစ်ဦး ဖြစ်ပြီး အထွေထွေ အတွင်းရေးမှုးလည်း ဖြစ်ပါတယ်။ Center for Vocational Training (CVT) ၏အကြံပေး ဘုတ် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ UK နိုင်ငံ DFID ၏နည်းပညာ ထောက်ပံ့မှု အစီအစဉ် တစ်ခုဖြစ်သော Cities and Infrastructure for Growth _ Myanmar စီမံကိန်း ၊ နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (International Trade Center) နှင့် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသော အမျိုးသား ပို့ကုန် မဟာဗျူဟာ (National Export Strategy) ရေးဆွဲရေး စီမံကိန်း၊ မြန်မာ-ထိုင်း နယ်စပ် ရေအရင်းအမြစ် စီမံခန့်ခွဲမှု လေ့လာရေး စီမံကိန်း တို့ တွင် အကြံပေးပုဂ္ဂိုလ် အနေနဲ့ ပါဝင် ဆောင်ရွက်လျက်ရှိ ပါတယ်။ မဟာဗျူဟာ အကြံပေး အဖွဲ့အစည်း တစ်ခုဖြစ်သော BowerGroupAsia ၏ Senior Advisor အဆင့်မြင့် အကြံပေး ပုဂ္ဂိုလ် အနေဖြင့်လည်း ဆောင်ရွက် ပေးလျက် ရှိပါတယ်။