ကိုယ်ရေးအကျဉ်း

ပါမောက္ခဆရာမကြီး ဒေါက်တာဒေါ်လှမြင့် ကို ၁၉၃၈ ခုနှစ်နိုဝင်ဘာလတွင် မွေးဖွားခဲ့ပါသည်။ ဆရာမကြီး သည် ၁၉၅၈ ခုနှစ်တွင် ရန်ကုန်စီးပွား‌ရေးတက္ကသိုလ်မှ Bachelor of Commerce ဘွဲ့ကိုရရှိခဲ့ပြီး ၁၉၆ဝ ခုနှစ်တွင် Bachelor of Commerce (Honors) ထပ်မံရယူခဲ့ပါသည်။ ၁၉၈ဝခုနှစ်တွင် Master of Commerce ထပ်မံရယူခဲ့ပါသေးသည်။ ၂၀၁၅ တွင် ဆရာမကြီးသည် Doctorate in Literature ဘွဲ့ ကိုလည်းရရှိထားပါသည်။ ဆရာမကြီးသည် စီးပွားရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချရာ နှစ်ပေါင်း (၄၀)ကျော် ရှိပြီဖြစ်ပါသည်။ လက်ရှိဆရာမကြီးသည် Myanmar Women Entrepreneurs Association တွင် Advisor အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။