ကိုယ်ရေးအကျဉ်း

ဆရာမကြီး ဒေါက်တာစန္ဒာထွေးသည် ၂၀၀၀ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ B. Com(Q)ဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှလည်းကောင်း၊ ▫️၂၀၀၅ ခုနှစ်တွင် မဟာဝါဏိဇ္ဇဗေဒ(M. Com) ဘွဲ့ကို မုံရွာစီးပွားရေးတက္ကသိုလ်မှလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ ဝါဏိဇ္ဇဗေဒ (PhD) ကိုလည်းကောင်း အသီးသီးရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဆရာမကြီးဟာ ၂၀၀၂ ခုနှစ်မှစ၍ မုံရွာစီးပွားရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် များ၏ စီမံခန့်ခွဲမှုပညာဌာနများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် နောက်ဆုံးတာ၀န်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် National Management Academy ၏ Academic Advisor ရာထူးနှင့် တာ၀န်ထမ်းဆောင်နေပြီး 𝗡𝗠𝗔 𝗨𝗻𝗱𝗲𝗿𝗴𝗿𝗮𝗱𝘂𝗮𝘁𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺𝘀 ၏ 𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿 𝗖𝗹𝗮𝘀𝘀 တွင် 𝐇𝐮𝐦𝐚𝐧 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝐇𝐑𝗠) ဘာသာရပ်ကိုလဲ Professional Lecturer အဖြစ် ဦးဆောင် သင်ကြားပို့ချပေးနေတာပဲ ဖြစ်ပါတယ် ။