ကိုယ်ရေးအကျဉ်း

ဆရာဦးမျိုးဟိန်းဟာ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ B.Econ (Stat) ဖြင့် ဘွဲ့ရရှိခဲ့ပြီး ကျောင်းပြီးသည့် နှစ်တွင်ပင် လုပ်ငန်းခွင်သို့ စတင်၀င်ရောက်ခဲ့ပါတယ်။ထို့နောက် Zip Fashion House နှင့် Restaurant Chain တစ်ခုတွင် Chief Accountant အဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက် Management & Business Care Accounting Software House တွင် Accountant Manager (System Analyst) ရာထူးဖြင့် တာ၀န်ထမ်းဆောင်ခဲ့ပြီး Software အသုံးပြုသူ Company များ၏ စာရင်းစနစ်များ ချမှတ်ရေးဆွဲခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာများ ရေးဆွဲပေးခြင်း၊ သုံးဆွဲသူ Company များ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် Customize Program များအား ချမှတ်ရေးဆွဲပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် Aug 2009 ခုနှစ်တွင် Infrastructure Company တစ်ခုဖြစ်သော MinnAnawraht Group of Company တွင် Finance Manager ရာထူးဖြင့် ပြောင်းရွှေ့တာ၀န် ထမ်းဆောင်ခဲ့ပါတယ်။ ဒါအပြင် ဆရာဟာ Infrastructure Company မှ ဆောင်ရွက်လျှက်ရှိသော Project များ၏ Investment Analysis များ၊ MIC Proposal လုပ်ငန်းစဉ်၊ Feasibility Analysis များ၊ Project အလိုက် Financial Management လုပ်ငန်းစဉ်များနှင့် Group of Company ၏ Budget Planning များ၊ Company ခွဲများ၏ Merger & Acquisition လုပ်ငန်းစဉ်များ ဦးဆောင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှစတင်၍ Zeya & Associate Co.,Ltd နှင့် RGK Group of Company တွင် Senior Financial Analyst ရာထူးဖြင့်တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

Company နှင့် Government တို့ ပူးပေါင်းဆောင်ရွက်သော PPP Project များ၊ International Equity Partner များနှင့် Debt Partner များအတွက် Financial Model များ တည်ဆောက်ရေးဆွဲခြင်း၊ Investment Plan များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဆရာဟာ ၂၀၁၆ ခုနှစ်တွင် Myanmar Enterprise Solutions Company တစ်ခု တည်ထောင်ခဲ့ပြီး ကုမ္ပဏီများသို့ Finance & Account နှင့် ပတ်သတ်သည့် ၀န်ဆောင်မှု့လုပ်ငန်း၊ ကုမ္ပဏီများ၏ စာရင်းများ ရေးဆွဲခြင်း၊ ဘဏ္ဍာရေးအတိုင်ပင်ခံအဖြစ် ဆောင်ရွက်လျက် ရှိပါတယ်။ ဆရာဟာ ၂၀၀၉ ခုနှစ်မှ စတင်ကာ HR Journal တွင် ဘာသာရပ် ဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်းဖြင့် စာပေလောကထဲသို့ စတင်၀င်ရောက်ခဲ့ပါတယ်။ ဆရာဟာ MESI, National Management Academy, Myanmar Learning Lab  Education Instituteများတွင် Financial Management ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ အခါအားလျော်စွာ Corporate Training များကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။