ကိုယ်ရေးအကျဉ်း

ဆရာဟာ ၂၀၁၈ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဗေဒဘွဲ့ (Bachelor of Commerce, B.Com) ကိုရရှိခဲ့ပါတယ်။ ထို့နောက် ၂၀၁၉ခုနှစ်တွင် ဂုဏ်ထူးတန်း အတန်းကိုအောင်မြင်ကာ ၂၀၂၁ ဇန်နဝါရီလတွင် မဟာဝါဏိဇ္ဇဗေဒဘွဲ့ (Master of Commerce, M.Com) ကိုရန်ကုန်စီးပွားရေးတက္ကသိုလ်မှပင်ထပ်မံရရှိခဲ့ပါတယ်။ ဦးထင်ကျော်လင်းသည် စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်များကို ၂၀၁၉ မှစ၍ယနေ့တိုင်သင်ကြား လျက်ရှိပါတယ်။ ဆရာသင်ကြားပေးမယ့် MBA program ရဲ့ Modules တွေကတော့ 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽, 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝗲𝗵𝗮𝘃𝗶𝗼𝗿, 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 စတဲ့ ဘာသာရပ်များဖြစ်ပါတယ်။ ဆရာဟာ လက်ရှိတွင် NMA University မှာ ဖွင့်လှစ်သော MBA Program တွင် Program Manager အဖြစ် ကော တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။