ကိုယ်ရေးအကျဉ်း

ဆရာကတော့ Swiss MBA program မှာ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် 𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵 𝗠𝗲𝘁𝗵𝗼𝗱𝗼𝗹𝗼𝗴𝘆 ဘာသာရပ်ကို ဦးဆောင်သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဆရာ ဦးအတာသောင်းထက်ဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမူပညာ ဘွဲ့ (BBA)ကို 2015 ခုနှစ်မှာ Qualified ဖြင့် အောင်မြင်ခဲ့ပြီး 2019ခုနှစ်မှာ  စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမူပညာ မဟာဘွဲ့ (MBA)ကို ထပ်ဆင့် အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးပညာ ဘွဲ့လွန်ဒီပလိုမှာကို ရန်ကုန်တက္ကသိုလ် မှ 2019ခုနှစ်တွင် ထပ်မံ ရရှိခဲ့ပါတယ်။ ဆရာဟာ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာရပ်နှင့် ပတ်သက်သော သင်ကြာရေးနှင့် သုတေသန အလုပ်စဥ်များကို တစိုက်မတ်မတ် ‌‌အောင်မြင်စွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါအပြင် ဆရာ ဦးအတာ‌သောင်းထက်၏ စီးပွားရေးစီမံခန့်ခွဲမှု၊ လူမှုရေး သိပ္ပံ ပညာရပ် နှင့်ပက်သက်သော သုတေသန များကို နိုင်ငံတကာ သုတေတနဂျာနယ်များတွင်ထည့်သွင်း ပုံနှိပ် ခံထား ရသော သုတေသီတစ်ဦးဖြစ်ပါတယ်။

ဆရာ ပြုလုပ်ထားသော သုတေသနများကို

🔸The Myanmar Journal,
🔸Borneo Journal of Social Science and Humanities,
🔸Southeast Asia Multidisciplinary Journal,
🔸Research Journal of Business and Management,
🔸Adpebi International Journal of Multidisciplinary Sciences အစရှိသည့် နိုင်ငံတကာ journal များတွင် ပုံနှိပ် ထုတ်ဝေထားပါတယ်။

ဒါအပြင် ဆရာသည် သုတေသန စာတမ်း ဖတ်ပွဲများတွင် လည်း စာတမ်း ဖတ်ကြားလေ့ ရှိပါသည်။ ဆရာ ဝင်ရောက်ဖတ်ကြားထားသော သုတေသန conference များမှာ –

🔸10th Year Anniversary of Myanmar India Entrepreneurship Development Center Hosted by Yangon University of Economics (2019)
🔸Golden Jubilee of MBA Program in Yangon University of Economics hosted by Yangon University of Economics (2020)
🔸KOMYAR Research Conference hosted by Korea-Myanmar Research Center (2021)
🔸AVLOKAN 2.0 – International Entrepreneurship Summit 2022” hosted by Center of Management Studies (JAIN, Deemed-to-be-University) (2021)
🔸Post Graduate Research Colloquium hosted by Taylor’s University, Malaysia (2022)

ဆရာဟာ လက်ရှိအချိန်တွင် Private Business Training Institute များတွင် Freelance Professional Business Course Instructor အနေနဲ့ တာဝန်ယူ သင်ကြား‌ပေးလျက် ရှိပါတယ်။ ဒါအပြင် NMA University ရဲ့ Associate Academic Advisor တစ်ယောက် အဖြစ် အရေးပါသော academic အကြံပေး ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပံ့ပိုးကူညီလျက်ရှိပါတယ်။